၁။ တိုဟူးခပ်ပါးပါးလှီးပြီး အသင့်ပြင်ထား
၂။ ဂေါ်ဖီစိမ်း ရိတ်ရိတ်လှီး
၃။ နံနံပင် ပါးပါးလှီး
၎။ ကြက်သွန်ဖြူ ဆီချက်
၅။ ကြက်သွန်နီ ကြော်
၆။ ငရုပ်သီးမှုန့်
ရ။ မန်ကျည်းမှည့်ရည်
၈။ ပဲမှုန့် အကျတ်
၉။ ငံပြာရည်
အဆင်သင့်ပြင်ထားတဲ့ အစာပလာတွေ နဲ့ တို့ဟူးကို ဇလုံတလုံးမှာ ရောထည့်ပြီး အပေါ့အငံ လိုသလို သုတ်စားနိုင်ပါတယ်။ အောက်ပြည် ရန်ကုန် ဘက်ကတော့ ရှောက်ရွက်လေး ပါးပါးရိတ်ရိတ်လေး လှီးပြီးထည့်ပါတယ်။ ဒါလဲ မွှေးမွှေးလေးနဲ့ စားကောင်းတာပါဘဲ။
ရန်ကုန်မှာ တို့ဟူးသုတ်ရောင်းတဲ့ အထမ်းသည်လေးတွေ သုပ်တာက ကြက်သွန်ဖြူကိုထောင်းပြီး ရေနဲ့ဖျော်ထားတာလည်း ပါတယ်။ ရှောက်ရွက် ပါးပါးလှီးတာလဲ ပါတာပေါ့။ အဲလို သုတ်လည်း စားကောင်းတယ်။ တို့ဟူးကြိုနည်းပို့စ်အတွက် ကျေးဇူးပါ။
ReplyDeleteလေးစားစွာဖြင့်