ချက်ကြီးတို့ မီးဖိုချောင် မှ ကြိုဆိုပါတယ်။ အစားကောင်းဆိုတာ အကောင်းစားတွေ စားမှ မဟုတ်ပါဘူး။ ရှိတဲ့ အစားအစာကို ကောင်းမွန်အောင် အစပ်အဟပ်တည့်အောင် ချက်ပြီး စားနိုင်မှ ထမင်းစား မြိန်ပါတယ်။

အစာအဆိပ်သင့်မှုမှ ကင်းဝေးရန် မီးဖိုချောင် ဆိုင်ရာ သတိပေးချက်များ

စဉ်းနှီတုံးများကို သုံးပြီးရင် ရေဆေးဖို့မမေ့ပါနဲ့။ အစာအဆိပ်သင့်မှု ရာခိုင်နှုန်းတော်တော်များများက စဉ်းနှီးတုံးကနေ ရောဂါပိုးမွှား ပေါက်ပွားပြီး ဖြစ်တာပါ။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ၂ ခု အနည်းဆုံးထားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအတွက် တခု နောက် အသားလှီးဖို့က တခုပါ။


Saturday 6 February 2010

ရှမ်းခေါက်ဆွဲ ( ဆန်ဖွယ်ရေဖျော်)

ဆန်ခေါက်ဆွဲကို တချို့နယ်တွေက ရှမ်းခေါက်ဆွဲလို့ခေါ်တယ်။ အဖွယ် နဲ့ အစီး ဆိုပြီး ၂ မျိုးရှိတဲ့အထဲက ဆန်ဖွယ်ဖတ်ကတော့ နေရာတိုင်းမှာ ၀ယ်လို့ရနိုင်ပေမဲ့၊ ဆန်စီးဖတ်ကတော့ ပြည်ပမှာ ၀ယ်လို့မလွယ်တာ အမှန်ဘဲ။ နောက် ဆန်စီးဖတ်ကလဲ ဒေသအလိုက် ကောင်းတဲ့ ဆန်စီး ဖတ်ဆိုတာ နာမည်ကျော်သေးတာ။ ဥပမာ ကချင်ပြည်နယ် နမ့်မား ခေါက်ဆွဲဖတ်ကတော့ အတော်ကောင်းတယ်။ အဖတ်ကောင်းတော့ စားရတာလဲ အရသာရှိသပေါ့။ တနယ်နဲ့ တနယ် ခေါက်ဆွဲချက်ပုံခြင်းက တူတာမဟုတ်ဘူး။ ဒါကတော့ ချက်ကြီးတို့ ချက်တဲ့နည်းပေါ့။ စားကောင်းပါတယ်။ မိုးကုတ်ဘက်က ချက်နည်း ဆန်ဆန်ပေါ့။

Friday 5 February 2010

အုန်းနို့ခေါက်ဆွဲ

အုန်းနို့ခေါက်ဆွဲချက်ကျွေးမယ်။ အုန်းနို့ခေါက်ဆွဲဆိုတာ အုန်းသီးခွဲ၊ ညှစ်အုန်းဟဲ့ နဲ့ အတော် လက်ဝင်တဲ့ အမျိုး။ ဒီမှာတော့ မဟုတ်ပေါင်။ လတ်လတ်ဆတ်ဆတ်အုန်းနို့တော့ ဘယ်ဟုတ်မလဲ။ ဗူးတွေနဲ့ရောင်းတဲ့ အုန်းနို့လဲ အလုပ်ဖြစ်တာဘဲ။ သွေးတိုး၊ ဆီးချို ရှိတဲ့ လူတွေကတော့ အုန်းနို့ခေါက်ဆွဲ သိပ်မစားသင့်ဘူး။ ဗူးတွေနဲ့လာတဲ့ အုန်းနို့ကတော့ အဆီထုတ်ပြီးသားပြောတာဘဲ။ ဘာပဲဖြစ်ဖြစ်လေ အုန်းနို့ခေါက်ဆွဲကတော့ စားကောင်းတာ အမှန်ဘဲ။ မုန့်ဟင်းခါးကတော့ ပိုလူကြိုက်များတာပေါ့။ သဘောတူမတူတော့ မသိ။ ချက်ချက်တို့တော့ အကုန်ချက် စားပြစ်တာဘဲ။ ငယ်တုန်း စားနိုင်တုန်း စားရတာ။ ဒီအထဲမယ် ဘဲသွေးဖြစ်ဖြစ် ပဲသွေးဖြစ်ဖြစ် ဒါကတော့ဒီနိုင်ငံမှာ တော်ရုံ မရနိုင်ဘူး ဆရာ့။