ချက်ကြီးတို့ မီးဖိုချောင် မှ ကြိုဆိုပါတယ်။ အစားကောင်းဆိုတာ အကောင်းစားတွေ စားမှ မဟုတ်ပါဘူး။ ရှိတဲ့ အစားအစာကို ကောင်းမွန်အောင် အစပ်အဟပ်တည့်အောင် ချက်ပြီး စားနိုင်မှ ထမင်းစား မြိန်ပါတယ်။

အစာအဆိပ်သင့်မှုမှ ကင်းဝေးရန် မီးဖိုချောင် ဆိုင်ရာ သတိပေးချက်များ

စဉ်းနှီတုံးများကို သုံးပြီးရင် ရေဆေးဖို့မမေ့ပါနဲ့။ အစာအဆိပ်သင့်မှု ရာခိုင်နှုန်းတော်တော်များများက စဉ်းနှီးတုံးကနေ ရောဂါပိုးမွှား ပေါက်ပွားပြီး ဖြစ်တာပါ။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ၂ ခု အနည်းဆုံးထားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအတွက် တခု နောက် အသားလှီးဖို့က တခုပါ။


Wednesday 20 January 2010

ဆဲလ်မွန် ငါးကြော်




 ကြော်ဖို့အတွက် သိပ်ကို လွယ်ကူပီး  ကိုယ်စားနိုင်လောက်တဲ့ ဆလ်မွန်ငါးအတုံး အရွယ်အစားကို ပျားရည်၊ ပဲငံပြာရည် အကြည်နဲ့ နာရီဝက်လောက် ကြာအောင် နှပ်ထားလိုက်ပါ။ 
(ငါးအတုံး အကြီးအသေးကို လိုက်ပီး ပျားရည်နဲ့ ပဲငံပြာရည်ထည့်ပါ)။ နာရီဝက်လောက်ကြာရင် ကြော်ဖို့အသင့်ဖြစ်နေတဲ့ငါးအတုံးကို အိုးပူပူမှာ သံလွင်ဆီနဲနဲ
(မြေပဲဆီလည်းသုံးနိုင်ပါတယ်) ထည့်ပြီ တဖက်ကို ၂ မိနစ် ၃ မိနစ်ဆီလောက် အိုးကင်းပူတိုက်သလိုကြော်ပေးပါ။ 
ငါးအတုံး က ရဲလာပြီး အပေါ်ယံအရေတင်း လာပြီဆိုရင် စားလို့ အသင့်ဖြစ်နေပါပြီ။ 
အဲဒီ ဆလ်မွန် ငါးကြော်ပူပူလေး ကို သံပုရာသီးလေးညှစ် နံနံပင်လေးအုပ်ပြီး ထမင်းဆီဆမ်းလေးနဲ့ ဖြစ်ဖြစ် ပေါင်မုန့်မီးကင်လေး နဲ့ဖြစ်ဖြစ်စားမယ်ဆိုရင် စားရတာ အရသာရှိပြီး ဆဲလမွန် ငါးဟာ အိုမီဂါ သရီး ဓါတ် ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ လည်း ညီညွတ်ပါတယ်။

No comments:

Post a Comment